
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယလူမှု အထောက်အကူပြုအဖွဲ့တို့ဖြင့်ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ခေါက်ခူကျေးရွာ၊ ပန်းထိပ်ကျေးရွာ၊ မင်းရွာကျေးရွာ၊ ပနန်းကျေးရွာ၊ စပယ်ကျေးရွာ၊ စင်ပုံကျေးရွာ၊ ယင်းမာကျေးရွာ၊ လက်ဝဲကုန်းကျေးရွာ၊ ပြင်သာကျေးရွာများနှင့် ထီးလင်းမြို့နယ်၊ ကန်စွန်းထောင့်ကျေးရွာများသို့ (၄-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီမှ (၁၅:၃၀) နာရီအချိန်ထိ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန် ပြည်သူများသို့ အသိပညာပေးပန်ကြားချက်များ ကိုလှည့်လည်နှိုးဆော်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_apr2020