Latest News
-
Covid-19 နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်းနာယကဆရာတော်နှင့် ပူးပေါင်း၍ (၅-၄-၂၀၂၀) ရက်နေ့၊ ည(၁၈:၀၀)နာရီမှ (၂၁:၃၀)နာရီချိန်အထိ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်၊ မြပြင်ရပ်ကွက်၊ လင်းသာရပ်ကွက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအား ပြည်သူလူထုသို့အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2020 Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများ၊ အလင်းရောင်ပရဟိတ အသင်း၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ပူးပေါင်း၍(၅-၄-၂၀၂၀) ရက်နေ့တွင် (၁၀:၀၀) နာရီမှ(၂၀:၀၀) နာရီအထိ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၁၂) စု၊ ရပ်ကွက်/ကျေးရွာပေါင်း (၅၁) ရွာတို့အား Covid-19 ကူးစက်ရောဂါ နှင့် ပတ်သက်၍ အများ ပြည်သူ အလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရန်/ ရှောင်ရန် အချက် များကို အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေးဟောပြော … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီမှ စတင်ပြီး ဘီးလင်းမြို့နယ်၊ ရင်းအုံကျေးရွာအုပ်စုနှင့် မဲလံကျေးရွာ တို့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_apr2020
-
Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့ (၀၇:၀၀)အချိန်မှ (၁၃:၃၀)အချိန်ထိပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ရှိ ရပ်ကွက်(၈)ခုသို့ သွားရောက်အသိပညာပေးခြင်းနှင့် နေ့စဉ် (၁၉:၀၀)အချိန်မှ (၂၁:၀၀)အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပန်ကျိုင်းကျေးရွာ၌ ယခုလတ်တလော ဖြစ်ပေါ်နေသော ကူးစက်မြန် ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များမှ တစ်ခုဖြစ်သော အသိပညာပေးပန်ကြားခြင်း၊ အသိပညာပေးပန်ကြားခြင်းစာများ ဖြန့်ဝေပေးခြင်းများကို မြန်မာ၊ ရှမ်း (၂) ဘာသာဖြင့် ပန်ကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ၊ (၅-၄-၂၀၂၀) ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာ၊ ဇီးကုန်းကျေးရွာ တို့တွင်Covid-19 ရောဂါကူးစက် ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက် ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)









