
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီမှ စတင်ပြီး ဘီးလင်းမြို့နယ်၊ ရင်းအုံကျေးရွာအုပ်စုနှင့် မဲလံကျေးရွာ တို့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_apr2020