Latest News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀)ရက်နေ့ (၁၁:၃၀) အချိန်၌ မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာ တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာ ရမည့်အချက်များ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_apr2020
-
မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှုးရုံးမှ ကသာခရိုင် အင်းတော်မြို့နယ် နဘားအုပ်စု ကမ်းနီကျေးရွာတွင် (၄-၄-၂၀၂၀)နေ့ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀ိ/-)ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀၀ိ/-)စုစုပေါင်း(၂၀၂၁၀၀ိ/-)နှင့် family kits (၁)ပုံးတို့အား (၆-၄-၂၀၂၀)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2020 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid19အသိပညာပေးဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၆-၄-၂၀၂၀)ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးနှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းခရိုင်တောင်ဥက္ကလာပမြို့နယ်၊ (၄၊၅၊၆၊၇၊၁၀၊၁၄၊၁၅၊၁၆)ရပ်ကွက်တို့တွင် Covid19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသောဥပဒေများ ကိုလိုက်နာရန်အသိပေးကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_apr2020 Source: ညွှန်ကြားရေးမှူး(ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၇:၀၀)နာရီအချိန်အထိ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာစုစုပေါင်း (၂၂)ရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လက်ကိုစနစ်တကျဆေးကြောရမည့်ပုံစံ၊ နှာချေ၊ ချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ၊ mask အသုံးပြုရမည့်အချိန်များနှင့် စနစ်တကျ အသုံးပြုနည်းများ၊ Covid-19 ရောဂါ ကာကွယ်နိုင်ရန် ကျေးရွာ၊ ရပ်ကွက်နှင့် ဈေးအတွင်းရှိ ဈေးဆိုင်များ၌ လိုက်နာရမည့်အချက်များအပါအဝင် ပြည်ပမှဝင်ရောက်လာသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း သိရှိလိုက်နာရမည့်အချက်များကို လှည့်လှည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းပေးပို့အပ်ပါသည်။ #ar #mdy_apr2020 … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ပေါင်းတည်ကျေးရွာအုပ်စု၊ ပေါင်းတည်ကျေးရွာတွင် (၁၀:၀၀) နာရီ၌လည်းကောင်း ဂွေးကုန်းကျေးရွာတွင် (၁၃:၀၀) နာရီ၌လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များ နှိုးဆော်ခြင်းအား ကျန်းမာရေးဌာနမှတာဝန်ရှိသူများ ကျေးရွာရှိအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_apr2020
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀)ရက်နေ့တွင် ကျောက်မဲမြို့ရှိ ဖြူးရပ်ကွက်၊ တံခွန်တိုင်၊ ပန်ဟတ်နှင့် မိုင်းငေါ့ရွာသစ် ကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ် ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာ၊ ရှမ်းဘာသာစကားများ ဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)









