လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၇:၀၀)နာရီအချိန်အထိ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာစုစုပေါင်း (၂၂)ရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လက်ကိုစနစ်တကျဆေးကြောရမည့်ပုံစံ၊ နှာချေ၊ ချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ၊ mask အသုံးပြုရမည့်အချိန်များနှင့် စနစ်တကျ အသုံးပြုနည်းများ၊ Covid-19 ရောဂါ ကာကွယ်နိုင်ရန် ကျေးရွာ၊ ရပ်ကွက်နှင့် ဈေးအတွင်းရှိ ဈေးဆိုင်များ၌ လိုက်နာရမည့်အချက်များအပါအဝင် ပြည်ပမှဝင်ရောက်လာသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း သိရှိလိုက်နာရမည့်အချက်များကို လှည့်လှည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းပေးပို့အပ်ပါသည်။
#ar
#mdy_apr2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)