အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း - ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ မီးဘေးထောက်ပံ့မှုသတင်း - လေသာကျောင်း ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေး စခန်းတို့တွင် ရေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၇- ၄-၂၀၂၀)ရက်နေ့ နံနက်(၁၀း၃၀) အချိန်မှ (၁၂း၀၀)အချိန်အထိ ​ကျောက်ဖြူမြို့နယ်၊ ပြိုင်း​စေ့​ကေကျေးရွာတွင် COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း Hand Speaker ဖြင့် လိုက်လံနှိုး​ဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_apr 2020

  • COVID-19 ရောဂါကူးစက်မှု မပြန့်ပွားရေးအတွက် ဆောင်ရန် / ရှောင်ရန်များအား အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀)  နာရီမှစ၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ် ထနောင်းဝင်းရွာ ၊ ကျောက္ကာတောင်ရွာ ၊ညောင်ပင်ရွာ၊ ညောင်ပင်ရွာသစ် တို့တွင် COVID-19 ရောဂါကူးစက်မှု မပြန့်ပွားရေးအတွက် ဆောင်ရန် / ရှောင်ရန်များအား အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက် များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပျဉ်းမနားမြို့နယ်၊ လမ်းပျဉ်းမနားဟောင်းအုပ်စု၊ စည်ကောက်ကျေးရွာ၊‌ ကြို့ပင်အရှေ့ကျေးရွာ၊ ကြို့ပင်အလယ်ကျေးရွာ၊ ကြို့ပင်အနောက်ကျေးရွာနှင့် ပြူတွင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၊ သရက်ပင်ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံ အသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) … Read more

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀)ရက်နေ့၊နံနက်(၀၈း၀၀)နာရီမှ(၁‌၁း၃၀)နာရီအချိန်ထိလပွတ္တာမြို့နယ် ၊ သာလိကာကုန်းကျေးရွာအုပ်စု၊‌သာလိကာကုန်းကျေးရွာ၊ချောင်းဖျားစုကျေးရွာ နှင့်ကျုံဖား‌ ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြစ်လှည့်လည်၍ အသိ‌ပေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_apr 2020

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီမှစတင်၍ (၁၂:၀၀) အချိန်ထိ ရေစကြိုမြို့နယ်၊ သမန္တပို့ကျေးရွာအုပ်စု၊ သမန္တပို့ကျေးရွာ၊ သမန္တပို့ (တော)၊ သမန္တပို့ (တ) ကျေးရွာနှင့် မဲကုန်းကျေးရွာများသို့ COVID-19ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လောစပီကာဖြင့် အသိပေးကြေညာ ဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_apr2020

  • လေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ဗန်းမောက်မြို့ နယ် ၊နောင်ကန်အုပ်စု၊ နောင်ကွတ်ကျေးရွာတွင် (၆-၄-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက် ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၅၀၀၀/-) ကျပ်ကို (၇-၄-၂၀) ရက်နေ့ ၊ (၀၉ : ၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)