COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက် များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပျဉ်းမနားမြို့နယ်၊ လမ်းပျဉ်းမနားဟောင်းအုပ်စု၊ စည်ကောက်ကျေးရွာ၊‌ ကြို့ပင်အရှေ့ကျေးရွာ၊ ကြို့ပင်အလယ်ကျေးရွာ၊ ကြို့ပင်အနောက်ကျေးရွာနှင့် ပြူတွင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၊ သရက်ပင်ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံ အသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

#ar
#npw_apr2020

Sign Up

Upcoming Events