Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀) အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ကန်ပြားအရှေ့ကျေးရွာ၊ ကန်ပြားအနောက်ကျေးရွာ၊ ရွာသစ်ကလေးကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံး ရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(တောင်ပိုင်း၊ ကားဂိတ်တန်း)နှင့် ဦးလှိုင်(တဲတိုက်)ရှိ အိမ်ခြေ (၁၂၈) လုံး၊ အိမ်ထောင် စု(၁၃၆) စု၊ လူဦးရေ (၆၄၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၈- ၄-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_apr2020 … Read more
-
COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် င်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၈-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါး လျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့ နေ့လည် (၁၂:၀၀) အချိန်မှ (၁၉:၃၀) နာရီအချိန်ထိ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ပေါက်ကုန်း ကျေးရွာအုပ်စုနှင့် အင်းတ္တော်လုပ်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာများသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါ နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည်(၈-၄-၂၀၂၀)ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးတို့နှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းခရိုင်တာမွေမြို့နယ်၊ တာမွေကြီး(က၊ဂ)ရပ်ကွက်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ ဗျိုင်းရွာမရပ်ကွက်၊ ပျားရည်ကုန်းရပ်ကွက်၊ ရေတွင်းကုန်းရပ်ကွက်၊ နတ်မောက်ရပ်ကွက်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ ကျောက်ထပ်ရပ်ကွက်၊ ကျားကွက်သစ်ရပ်ကွက်တို့တွင်လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့နယ်၊ အမှတ်(၁/၂/၃/၄/၅/၆/၇/၈/၉/၁၀/၁၁)ရပ်ကွက်များတွင် လည်းကောင်း၊ MyanmarNGONetworkအဖွဲ့ မှဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ PPE (၂)စုံ၊ Mask အခု (၁၀၀)၊ လက်သန့်ဆေးရည်၊ 100ml ဗူး (၅၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ဒလမြို့နယ်အတွင်းရှိ ရပ်ကွက် (၂၄)ခုမှ ကျန်ရှိနေသောရပ်ကွက်(၁၉)ခုနှင့် ကျေးရွာ(၂၃)ရွာအား ယာဥ်(၂)စီးဖြင့် အသံချဲ့စက်အသုံးပြု၍ Covid19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များအား … Read more
-
Covid-19 ရောဂါ နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယလူမှုအထောက်အကူပြုအဖွဲ့ တို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျော်ကျေးရွာ၊ မောက်လင်းကျေးရွာ၊ မောက်ကျေးရွာ၊ တောင်ယာပြင်ကျေးရွာ၊ ဘော်ပြင်းကျေးရွာများသို့ (၈-၄-၂၀၂၀)ရက်နေ့ (၀၈:၃၀)နာရီမှ (၁၆:၃၀) နာရီအချိန်ထိ COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)









