ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ မီးဘေးထောက်ပံ့မှုသတင်း - လေသာကျောင်း ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေး စခန်းတို့တွင် ရေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 ​ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတာ၀န်ရှိသူများပူးပေါင်း၍ (၉-၄-၂၀၂၀)ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ရွာဟောင်းဝကျေးရွာ၊ ပန်းဒလဲကျေးရွာ၊ အင်းဇောက်ကျေးရွာ တို့တွင် လော်စပီကာ တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_apr 2020 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  လူမှုဝန်ထမ်းဦးစီးဌာန၊ ကရုဏာသုခကျန်းမာရေးစောင့်ရှောက်မှုအသင်းတို့နှင့် ပူးပေါင်း၍ (၉-၄-၂၀၂၀) ရက်နေ့၊ (၉:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်အထိ မိုးမိတ်မြို့နယ်၊ စင့်ကငါအုပ်စု၊ စင့်ကင်ကျေးရွာနှင့် သရက်ချိုကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကူးစက်ပျံ့နှံ့မှုများ မဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ပန်ကြားခြင်းအစီအစဉ်ကို ရှမ်းဘာသာစကားဖြင့်ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များမျှဝေခြင်းနှင့် အသိပညာပေး ဗွီနိုင်းပိုစတာဆိုင်းဘုတ်ကပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁၃:၃၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက် များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ဆင်သေ ကျေးရွာ၊ စက်ရုံကျေးရွာ၊ စျေးကုန်းကျေးရွာ၊ ကွက်သစ်ကျေးရွာနှင့် ကျွန်းဦးကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_apr2020 Source: … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာ စာသင်ကျောင်းလမ်းနှင့် ကျောင်းနား ပိုင်းလမ်းတို့တွင် လက်ယက်တွင်း (၂) တွင် တူးဖော်ရေးအတွက် ထောက်ပံ့ငွေ (၂,၉၆၀,၀၀ဝ/-) ကို မွန်ပြည်နယ်ဦးစီးမှူးရုံးမှ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ထံသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mon_apr2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ​ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊‌ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ၊ ကတုံးပေါ်ကျေးရွာနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက် ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအားလှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr 2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်၊ ကြပ်‌‌မောက်ကျေးရွာအုပ်စု‌ ၊ကျောင်းကျေးရွာသို့ သောက်ရေသန့် (၁၂၀၀ ) ဂါလန်အား သွားရောက်ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_drg #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)