Latest News
-
လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း”ကိုအောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်- လေဖိအားနည်းရပ်ဝန်းအခြေအနေ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းတွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- လေဖိအားနည်းရပ်ဝန်းအခြေအနေ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။
-
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ အမှတ် (၄) ရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ အမှတ် (၄) ရပ်ကွက်၌ (၁၅-၁၁-၂၀၂၅)ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၄) ဦးတို့အတွက် (၁) ပတ်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၀၀၀ဝိ/-)၊ ထောက်ပံ့ငွေစုစုပေါင်း (၅၀၀၀ဝိ/-)အား (၁၇-၁၁-၂၀၂၅)ရက်နေ့တွင် သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ချိတ်ဆက်ပူးပေါင်း ၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kyn_nov_2025 Source: … Read more
-
ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ လှာကဒေါင်ကျေးရွာ၊ ခလောက်နို့ကျေးရွာ၊အုန်းတပင်ကျေးရွာနှင့် ကော့ကသောင်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၅)ရက်နေ့တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ လှာကဒေါင်ကျေးရွာ၊ ခလောက်နို့ကျေးရွာ၊ အုန်းတပင်ကျေးရွာနှင့် ကော့ကသောင် ကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးတို့နှင့်စပ်လျဥ်း၍ အသိပေးနှိုးဆော်ချက်များအား လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyn_nov_2025 Source: ဘားအံခရိုင်ဦးစီးမှူးရုံး
-
လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း”ကိုအောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်- လေဖိအားနည်းရပ်ဝန်းအခြေအနေ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းတွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။
-
ဘားအံမြို့၊ အမှတ် (၆)ရပ်ကွက်၊ သီရိဈေး၊ ရဲသာကျေးရွာ၊ ကမော့ကစင်ကျေးရွာ၊ တော်ပုံကျေးရွာ၊ ကော့မရမ်းကျေးရွာတို့၌သဘာဝဘေး အသိပညာပေးလိုက်လံနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၂၅) ရက်နေ့တွင် ဘားအံမြို့၊ အမှတ် (၆)ရပ်ကွက်၊ သီရိဈေး၊ ရဲသာကျေးရွာ၊ ကမော့ကစင်ကျေးရွာ၊ တော်ပုံကျေးရွာ၊ ကော့မရမ်းကျေးရွာတို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးတို့နှင့်စပ်လျဥ်း၍ ပြည်သူများသို့ အသိပေးနှိုးဆော်ချက်များအား လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ # ar #kyn_november_2025 Source: ဘားအံခရိုင်ဦးစီးမှူးရုံး (ဘစမ)









