ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့ရှိ “လူငယ့်အားမာန်”သင်တန်းကျောင်းခန်းမ၌ ခရိုင်အဆင့်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC)(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို (၂၄-၃-၂၀၂၆) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ဒေသတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် စီမံခန့်ခွဲမှုစွမ်းရည်များ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ ခရိုင်နှင့်မြို့နယ်အဆင့်တို့၌ ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အသီးသီးတွင်ပါဝင်တာဝန်ယူဆောင်ရွက်နေသောဌာနဆိုင်ရာများမှ သင်တန်း သား/သူ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ (၂၄-၃-၂၀၂၆) ရက်နေ့မှ (၂၆-၃-၂၀၂၆) ရက်နေ့အထိ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar_tri

#ayy_mar_2026

Source:  လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events