လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၃.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်မှ (၁၁:၀၀)အချိန်ထိ သူနာပြုသင်တန်းကျောင်းတွင် ကျောင်းသား(၁၇)ဦး၊ ကျောင်းသူ (၁၁၉)ဦး၊ ဆရာ(၁)ဦး၊ ဆရာမ (၅)ဦး စုစုပေါင်း (၁၄၂)ဦး တို့ အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး ၊လက်ကမ်းစာစောင် (၁၄၂)စောင်အားလည်းကောင်း၊ (၄x၅)ပေလေပြင်းဘေးပိုစတာ(၁)ချပ် အားလည်းကောင်း ဖြန့်ဝေပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyn_mar_2026
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး