မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ (၀၉:၀၀)နာရီချိန်မှ (၁၂း၀၀ )နာရီထိ လေးမျက်နှာမြို့နယ်အတွင်းရှိ လက်သမား(ကရင်)အုပ်စု၊ လက်သမား(ကရင်)ကျေးရွာ၊ လက်သမား(မြန်မာ)အုပ်စု၊ လက်သမားကျေးရွာ၊ အိုင်ဇောက်ကျေးရွာ၊ နှမ်းကုန်းကျေးရွာ၊ ခွေးသေကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသောCOVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_may2020 Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊  တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင်   တာချီလိတ်မြို့၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝမ်ဆောက်ခုံ ကျေးရွာ၊ ဝမ်မိုင်(၁)ကျေးရွာ၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆောသြခဲ့ပြီး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source:   တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ရေစကြိုမြို့နယ်၊ ထန်ငြယ်တောကျေးရွာအုပ်စု၊ ကွမ်းသီးကန်ကျေးရွာရှိ အိမ်ခြေ (၁၉၃) လုံး၊ အိမ်ထောင်စု (၁၉၉)စု၊ လူဦးရေ(၉၂၁)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်းကာ သွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_may2020

  • Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂.၅.၂၀၂၀)ရက်နေ့ နံနက် (၀၇:၀၀) အချိန်မှ (၁၀:၀၀) အချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူပူးပေါင်း၍ ​​ မြင်ကဝကျေးရွာ အုပ်စုရှိ မြင်ကဝကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ကျီးပင်ကျေးရွာနှင့် အောက်ဆိပ်ကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_may2020 Source:           ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ကန်​ကြီးထောင့် မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာ၊ အနောက်စုလေး ကျေးရွာ၊ သရက်တောကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ ပုလဲကူးတောင်ကျေးရွာ၊ ပုလဲကူးမြောက်ကျေးရွာနှင့် အကယ်လေး​ကျေးရွာတို့၌လည်းကောင်း၊ ကျုံပဒုတ်ကျေးရွာအုပ်စု၊ ကျုံပ ဒုတ်ကျေးရွာ၊ ခရောင်းကွင်းကျေးရွာ၊ ပေါ်တော်မူကျေးရွာ၊ အကယ်ကြီးကျေးရွာ၊ ကုန်းစွန်းကျေးရွာနှင့် တကုန်းကြီးရွာမကျေးရွာ တို့၌ လည်းကောင်း၊ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း … Read more