Latest News
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၆-၂၀၂၀) ရက်နေ့ ၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ကတွဲကျေးရွာနှင့် ဘတ်ကျေးရွာတို့တွင် လော်စပီကာ၊ Hand Speaker တို့ဖြင့် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #tny_jun2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ၌ (၅-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ် (၁) လုံး၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ စုစုပေါင်းနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၆၈၀ဝိ/-)၊ ပြိုကျပျက်စီးနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀ဝိ/-)၊ အမိုးလန်ပျက်စီးနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀၀ဝိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၄၆၈၀ဝိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ … Read more
-
မိုးမိတ်မြို့၊ သဘာဝဘိုးဘွားရိပ်သာအဝင်လမ်းတစ်လျှောက်၌ သစ်ပင်စိုက်ပျိုးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၆-၆-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့၊ သဘာဝဘိုးဘွားရိပ်သာအဝင်လမ်းတစ်လျှောက်၌ ပိတောက်ပင်(၁၀၀)၊ တမာပင်(၁၀၀)နှင့် ရေသင်းဝင်အပင်(၁၀၀)၊ စုစုပေါင်းအပင်(၃၀၀) အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_jun2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၅-၆-၂၀၂၀)ရက်နေ့၊ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #mgy_jun2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ပုဏ္ဏားကုန်းရပ်ကွက်၊ အရိုးကုန်းရပ်ကွက်၊ ဗျိုင်းရေအိုးစဉ်ကွက်သစ်ရပ်ကွက်၊ နတ်ချောင်းရပ်ကွက်၊ တာမွေကြီး(ခ)ရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေလေးရပ်ကွက်တို့၌ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_jun2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ ကံကြီး ကျေးရွာအုပ်စု၊ ပေါက်ဆိန်ကုန်းကျေးရွာ (၄-၆-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် မိုးကြိုးစက်ကွင်းမိ၍ ထိခိုက်ဒဏ်ရာရသူ(၃)ဦးအတွက် ငါးပြည်တွင်းထောက် ပံ့ရန်ပုံငွေ (၁၅၀၀၀ဝိ/-)ကျပ်ကို ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦး၊ ကံကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၅-၆-၂၀၂၀)ရက်နေ့ ၊ (၁၆:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ၌ ဘေးသင့်ပြည်သူ (ဒဏ်ရာရလူနာ) များလက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်၊၊ … Read more









