မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ၌ (၅-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ် (၁) လုံး၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ စုစုပေါင်းနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၆၈၀ဝိ/-)၊ ပြိုကျပျက်စီးနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀ဝိ/-)၊ အမိုးလန်ပျက်စီးနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀၀ဝိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၄၆၈၀ဝိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံးနှင့် Care Myanmar ပိုက်ဖျာ (၁) ချပ်တို့အား (၆-၆-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့မှောက်၌ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jun2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events