သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ ဆင်မဝဲချောင်းကျေးရွာ၌ (၁၆-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဘိုး (၆၃၀၀ိ/-)၊ စုစုပေါင်း (၁၀၆၃၀၀ိ/-)တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၇-၆-၂၀၂၀)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် မြို့နယ်ဒုတိယဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #ayy_jun2020 Source:                 မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး ( … Read more

  • မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၆.၂၀၂၀)ရက်နေ့(၀၉:၁၅)အချိန်၌ တောင်ကြီးမြို့နယ်၊ ရေအေးကွင်းရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုကြောင့် ပျက်စီးသွားသော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ်၊ လူဦးရေ (၁)ဦးအတွက် ဆန်ရိက္ခါဖိုး (၂၁၀၀)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၀၂၁၀၀)ကျပ်နှင့် (၄၆၁၅၃ိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၂၂)မျိုး (၁)အိမ်ထောင်စုစာ အား (၁၆.၆.၂၀၂၀)ရက်နေ့ (၁၇း၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #shn_jun2020   Source:                 … Read more

  • နေရပ်ပြန် ပြည်သူများအား နေရာချထားခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ (၁၇-၆-၂၀၂၀)ရက်နေ့တွင် မြဝတီမြို့ အမှတ်(၂)၊ ချစ်ကြည်ရေးတံတားမှ ရှမ်းပြည်နယ်သို့  ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူဦး(၄၀)အား ပင်လုံတက္ကသိုလ်(ကျူးရုံဘော်ဒါဆောင်)၌ နေရာချထားခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းများကို  လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပင်လုံမြို့မအုပ်ချုပ်ရေးမှူးနှင့် အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_jun2020 Source:                 လွိုင်လင်ခရိုင်ဦးစီးမှူးရုံး ( ဘစမ )

  • ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

    ~~~~~~~ Source: MOSWRR ~~~~~~~ ဇွန် ၁၆၊ နေပြည်တော် ~~~~~~~   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။   (၁၆-၆-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ဒူကထောင်နယ်မြေ(၄)၊ (၅)နှင့် (၁၄) စသည့် IDP စခန်း(၃)ခုသို့ သွားရောက်၍ ဆပ်ပြာ(၁၁၅၂)ခဲအား သွားရောက်ထောက်ပံ့ခဲ့ပါသည်။   … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၀) ရက်နေ့ (၁၉:၂၅)အချိန်၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကြိမ်ခါးကုန်းကျေးရွာအုပ်စု၊ ကြိမ်ခါးကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံး အတွက် ထောက်ပံ့ငွေ(၁၅၀၀၀/-)ကျပ်အား (၁၆-၆-၂၀၂၀)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ပြည်သူလက်၀ယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ fir #bgo_jun2020

  • မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ဖလံအိုကျေး ရွာအုပ်စု၊ ဖလံအိုကျေးရွာတွင် (၁၅-၆-၂ဝ၂ဝ) ရက်နေ့၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေ အိမ်(၄) လုံး မီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၃) ဦး မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်ပြည်သူများအတွက်  ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ထောင်စု (၄) စုစာ၊ နေအိမ် (၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅ဝဝ,ဝဝ၀/-) ကျပ်၊ … Read more