Latest News
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၃-၆-၂၀၂၀)ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁/၂/၃/၄/၅)ရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပညာပေးကြေငြာချက်များအား နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_jun2020 Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး – ဘစမ )
-
မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ လိုက်ပါ၍ (၂၂.၆.၂၀၂၀)ရက်နေ့ (၁၅:၅၅)အချိန်တွင် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စု၊ မော့ကနင်ကျေးရွာ၊ အကွက်(၃)ရပ်ကွက်၌ မီးလောင်မှုကြောင့် နေအိမ်လောင်ကျွမ်းပျက်စီးခဲ့သော နေအိမ်(၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၆၀၀၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁၈)အိမ်ထောင်စာနှင့် နေအိမ်အနည်းငယ်လောင်ကျွမ်းပျက်စီးခဲ့သော နေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၁၅၀၀ဝိ/-)၊ လူဦးရေစုစုပေါင်း (၁၆၁)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၃၃၈၁၀ဝိ/-)တို့အား (၂၃-၆-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_jun2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး ( ဘစမ )
-
ကမ်းပါးပြို ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဦ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင်(၂၃-၆-၂၀၂၀)ရက်နေ့၊ (၀၇:၀၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၇၅၆၀ဝိ/-)၊ စုစုပေါင်းကျပ်(၈၇၅၆၀ဝိ/-)အား (၂၃-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jun2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်းနှင့် လေပြင်းဘေး၊ မိုးကြိုးဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၆-၂၀၂၀)ရက် နေ့တွင် (၁၀း၀၀)အချိန်မှ ( ၁၂း၀၀) အချိန်ထိ ကနီမြို့နယ် မျှိုင်းကျေးရွာ အုပ်စုအတွင်းရှိ မျှိုင်း(ရ)ကျေးရွာ မျှိုင်း(န)ကျေးရွာ မျှိုင်းကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် မိုးကြိုးဘေးအသိပညာပေး Covid 19 ရောဂါအသိပညာပေးဟောပြောခြင်းများအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကျေးရွာများအတွင်း လေပြင်းဘေး၊ မိုးကြိုးဘေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍အသိပညာပေးခြင်း၊ မိုးကြိုးဘေးနှင့် ရေဘေးအသိ ပညာပေးလက်ကမ်းစာများ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ (၂၃- ၆ -၂၀၂၀) ရက်နေ့ တွင် ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာ၊ ကူကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ လှေပို့ဆိပ် ကျေးရွာ၊ မင်းကုန်းကျေးရွာနှင့် မှတ်ထိကျေးရွာတို့တွင် မိုးကြိုးဘေး၊ ရေဘေး၊ covid-19 ကူးစက် ရောဂါနှင့်ပတ်သက်၍ အသိပညာပေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ရေဘေး၊ မိုးကြိုဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မောင်တောခရိုင်ဦးမှူးရုံးနှင့်ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အတွင်းရှိ တိုက်ပွဲရှောင် စုရပ်စခန်းများသို့ Covid_19ရောဂါကြိုတင်ကာကွယ်သည့် ပစ္စည်းများအား ပြင်ချောင်းအုပ်စု၊ ရွှေသီးစုရပ်ရှိ အိမ်ထောင်စု(၁၀)စု မှ လူဦးရေ (၆၁) ဦးအတွက် ဆပ်ပြာ (၆၁) တောင့်၊ ဗီနိုင်း (၁)ချပ်၊ ထုံး (၅)အိတ် အားလည်းကောင်း၊ ခမောင်းချောင်းအုပ်စု၊ ငဖရုံစုရပ်ရှိ အိမ်ထောင်စု (၆၂)စု မှ လူဦးရေ (၃၁၈)ဦးအတွက် ဆပ်ပြာ (၃၁၈) တောင့်၊ ဗီနိုင်း … Read more









