လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊‌ ၀က်သက်ရွာမကျေးရွာတွင် (၂၄-၆-၂၀၂၀)ရက်နေ့ ၁၅း၃၀)နာရီမှ (၁၆:၁၅)နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ဘုန်းကြီး ကျောင်း(၁)ကျောင်း၊ အမိုးလန်နေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၉)ဦးတို့အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၆၀၉၀ဝိ/-)၊ စုစုပေါင်း(၃၁၀၉၀ဝိ/-)အား ထီးလင်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၏ရှေ့ မှောက်၌ လေဘေးသင့်ပြည်သူထံသို့ (၂၆-၆-၂၀၂၀)ရက်နေ့ (၁၀:၃၀)နာရီ အချိန်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_jun2020

Source:             ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး ( ဘစမ )

Sign Up

Upcoming Events