Latest News
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များအား အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားေရးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍(၂၆-၆-၂၀၂၀) ရက်နေ့ (၀၇း၀၀)နာရီမှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာ (၁၃)ရွာသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး နှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_jun2020
-
Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၀)ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈) စုမှ ရွာပေါင်း (၂၁) ရွာသို့သွားရောက်၍ covid 19 ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် သတိပြု လိုက်နာရမည့် အချက်များ၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္ဆရာယ်များအကြောင်း ဆောင်ရန်/ရှောင်ရန်များကို ပြည်သူအများ သိရှိလိုက်နာနိုင်ရေး အသိပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #mgy_jun2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေး၊ရေဘေးနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့၊ အမှတ် (၁) ၊ (၂) ၊ (၃) ရပ်ကွက်၊ မြေစီးတောင်ကျေးရွာနှင့် လမ်းမတန်းကျေးရွာရှိ ပြည်သူများအား Covid_19ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ရေဘေးအသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
လေပြင်းဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀)ရက်နေ့၊ (၂၀း၃၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ ပြည်ဝင်ကျေးရွာအုပ်စု၊ ပြည်ဝင် ကျေးရွာနှင့် ချောင်းခွကျေးရွာတို့၌ လေဘေးသင့် (၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၃၅,၀၀ဝိ/-) ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၄၃,၄၀ဝိ/-)ကျပ်တို့အား (၂၆-၆-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) … Read more
-
လေပြင်းဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ (၁၈း၁၅)နာရီအချိန်မှ (၁၈း၄၅) နာရီအချိန်ထိ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာ အုပ်စု၊ နန်းဦးကျေးရွာတွင် မိုးသက်လေပြင်းဘေးတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၁,၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၂၁,၀၀၀/-) ကျပ်အား (၂၆-၆-၂၀၂၀)ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
Covid-19ကူးစက်ရောဂါနှင့်မိုးကြိုးဘေး၊ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်း များ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၀)ရက်နေ့၊ (၀၈း၀၀) နာရီအချိန်မှ (၁၁း၀၀) နာရီအချိန်ထိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် အတူပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့နယ်၊ ကမ်းဇောက်ကျေးရွာအုပ်စုအတွင်းရှိ ကမ်းဇောက်ကျေးရွာ၊ ရွှေအုပ်ကျေးရွာ၊ ကျီးချောင်း ကျေးရွာ၊ ထီလေးသိမ်ကျေးရွာ၊ ကဇန်းချောင်းကျေးရွာနှင့် ကုန်းစုကျေးရွာများတွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည်သူများသိရှိလိုက်နာ ရန် ကွင်းဆင်း၍ Hand Speaker ၊ Loud … Read more









