ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်၌ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့တွင် ဧရာဝတီမြစ်ရေနှင့် ချင်း တွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ် (၇) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၂၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၆,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅၆,၇၀ဝ/-) ကျပ်အား (၃၀-၆-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ရေစကြိုမြို့နယ် အ‌‌ထွေထွေအုပ်ချုပ်‌ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာ အုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe
#mgy_jun2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events