Latest News
-
Covid-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းကျေးရွာ၊ အနောက်ညောင်ကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ညောင်ပင်ကုန်းကျေးရွာ၊ စခန်းကြီးကျေးရွာ၊ ကျောင်းတော်ရာကျေးရွာ၊ ကျီးမနိုးကျေးရွာ၊ သပြေကုန်းကျေးရွာ၊ လှေဆိုင်ကျေးရွာ၊ ဟင်္သာကန်ကျေးရွာ၊ တောင်တွင်းစုကျေးရွာ၊ အုန်းတောကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ဘိုကုန်းကျေးရွာနှင့် ပျဥ်ပုံကျေးရွာတို့အတွင်း ပြည်သူများအား COVID-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအန္တရာယ်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
DRR Platform ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းစဉ်တွင် ထိရောက်သော အကူအညီများ ထောက်ပံ့ပေးနိုင်ရန်နှင့် ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းများဆောင်ရွက်နေသော အဖွဲ့များအချင်းချင်း ချိတ်ဆက်မှုအားကောင်းပြီး ဘေးအန္တရာယ်ကို အချိန်နှင့်တပြေးညီ တုံ့ပြန်နိုင်ရေးတို့အတွက် DRR Platform ဖွဲ့စည်းခြင်းအခမ်းအနားကို ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခမ်းမ၌ (၂၇-၆-၂ဝ၂ဝ)ရက်နေ့တွင် ပခုက္ကူမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGOများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jun2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID 19 , မိုးကြိုးဘေးနှင့် ရေဘေး အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ (၂၇-၆၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့နယ် ကျေးတောင်ဦးကျေးရွာ၊ ကံကျေးရွာနှင့် တောင်ယာတောကျေးရွာတို့ရှိ ပြည်သူများအား မိုးကြိုးဘေး၊ ရေဘေးနှင့် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ အသိပညာပေး ဆော်ဩခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ၏ အတွေ့အကြုံ၊ အခက်အခဲများသိရှိနိုင်ရေးဆွေးနွေး
COVID 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြပြီး အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က အသိအမှတ်ပြုဂုဏ်ပြုလွှာများပေးအပ်ခဲ့ပြီး သည့် တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ၏ အတွေ့ အကြုံ၊ အခက်အခဲများ၊ စိတ်ခံစားချက်များကို သိရှိနိုင်ရေးအတွက် အမျိုးသားအဆင့်စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက Video Conference ဖြင့် ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက COVID 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် … Read more
-
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် (၂၅-၆-၂၀၂၀)နေ့၊ နံနက်(၇)နာရီကျော်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနီချောင်း ရေကြီးရေလျှံမှုဖြစ်ရာမှ လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားရာ မြို့မရပ်ကွက်တွင် မြေထိန်းနံရံ အလျားပေ(၇၀)ခန့် ပြိုကျခြင်း၊ လယ်ဦးရပ်ကွက်ရှိ တိုင်းရင်းဆေးရုံ ခြံစည်းရိုးပြိုကျခြင်း၊ မြေမဲကျေးရွာနှင့် ကိုးလံကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထလမ်းသည် လမ်းအောက်ရှိ လိုဏ်ပေါက် များကြောင့် ပေ(၃၀)ခန့် ပြိုကျပျက်စီးခဲ့ခြင်း၊ စုစုပေါင်းနေအိမ်(၂)လုံးပြိုကျပျက်စီးပြီး နေအိမ်(၄)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းတို့ဖြစ်ခဲ့ပြီး မြို့မရပ်ကွက်ရှိနေအိမ်(၁၃)လုံးမှာ ကမ်းပါးပြိုကျမည့် အန္တရာယ်ရှိသဖြင့်လည်းကောင်း၊ ရှောလီဝိုင်းရပ်ကွက်ရှိ နေအိမ်(၂)လုံးအနီးရှိ ကျောက်ရိုးများ အက်ကွဲလာခြင်းကြောင့်လည်းကောင်း လူများကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် … Read more
-
သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံး၊ တောင်သာမြို့နယ်ဦးစီး မှူးရုံး၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ သာစည်မြို့နယ်၊ သပိတ် ကျင်းမြို့နယ်၊ တောင်သာမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ မြင်းခြံမြို့နယ်၊ တံတားဦးမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ် များရှိရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ (၂၆-၆-၂၀၂၀) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် မိုးရာသီကာလ အတွင်းဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း … Read more









