လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းစဉ်တွင် ထိရောက်သော အကူအညီများ ထောက်ပံ့ပေးနိုင်ရန်နှင့် ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းများဆောင်ရွက်နေသော အဖွဲ့များအချင်းချင်း ချိတ်ဆက်မှုအားကောင်းပြီး ဘေးအန္တရာယ်ကို အချိန်နှင့်တပြေးညီ တုံ့ပြန်နိုင်ရေးတို့အတွက် DRR Platform ဖွဲ့စည်းခြင်းအခမ်းအနားကို ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခမ်းမ၌ (၂၇-၆-၂ဝ၂ဝ)ရက်နေ့တွင် ပခုက္ကူမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGOများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_jun2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)