မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ ‌မြောင်းမြမြို့နယ်၊ မြို့မစျေးနှင့် မြသာယာစျေးတို့တွင် အသိပညာပေးလုပ်ငန်း များဆောင်ရွက်မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်တို့နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၃-၇-၂၀၂၀)ရက်နေ့၊ (၀၈း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီ အချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာအုပ်စုအတွင်းရှိ ဘီလူးကျွန်းကျေးရွာနှင့် ထိန်ကုလားကျေးရွာတို့အတွင်း ပြည်သူများအား Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်း၊ မိုးကြိုးဘေး/ မုန်တိုင်းဘေး အန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။   #ar #ayy_jul2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ ရေဘေးနှင့် မုန်တိုင်းဘေးတို့နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၇.၂၀၂၀) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်မှစ၍ ညနေ (၁၇:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အိမ်မဲမြို့ပေါ်ရပ်ကွက်များ ဖြစ်ကြသော အမှတ် (၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်တို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျှက်ရှိသော Covid -19 ကူးစက်ရောဂါနှင့် ပတ်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် သဘာဝဘေးနှင့်ပတ်သတ်သည့် လိုက်နာဆောင်ရွက်ရန်များကို … Read more

  • Covid-19 ကူးစက်ရောဂါ၊ ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးတို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၂၀) ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်းရှိ ထိန်ကြီးကျေးရွာ၊ လဲရှောင်ကျေးရွာနှင့် ပရဒတ်ကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် Covid-19 လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ဆောင်ရန်‌/ ရှောင်ရန် အချက်များအား ပြည်သူသို့အသိပညာပေးပန်ကြားချက်များ အားလှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jul2020

  • Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီမှ (၁၄:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ စျေးမသွယ် အောက်ကျေးရွာနှင့် အင်းဝိုင်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြေစာပုံပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးအခြေအနေများကို စိစစ်လေ့လာခြင်းနှင့် ပံ့ပိုးကူညီမှုများပေးခြင်းများကို ပြည်ထောင်စုဝန်ကြီးများဆောင်ရွက်

    ဇူလိုင် ၃ရက်၊ မြစ်ကြီးနား ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ (၂-၇-၂၀၂၀)နေ့၊ နံနက်(၀၇:၀၀)နာရီဝန်းကျင်အချိန်ခန့်တွင် မြေစာပုံပြိုကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အောက်ရှိ ဖားကန့်မြို့နယ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့ဝင်များ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကိုဆောင်ရွက်ခဲ့ရာ ယနေ့ညနေအထိ သေဆုံးသူ ရုပ်အလောင်း (၁၇၂)လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ကျား(၄၃)ဦးကို ရှာဖွေကယ်ဆယ်ခဲ့ပါသည်။ သေဆုံးသူများကိုစိစစ်ခြင်းနှင့် မိသားစုဝင်များနှင့် ဆက်သွယ်ဆောင် ရွက်ခြင်း၊ သေဆုံးသူများကို သင်္ဂြိုလ်ခြင်း၊ ဒဏ်ရာရရှိသူများကို … Read more

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၇-၂၀၂၀) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦး၊ ဓမ္မမဏ္ဍိုင်ဘုန်း‌တော်ကြီး၌ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၅၇) ဦး၊ စက်မှုဇုန်မြေနေရာစခန်း၌ အိမ်ထောင်စု(၅၁)စု၊ လူဦးရေ(၁၇၉)ဦး ထပ်တိုးရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများ အတွက် ဆန်ရိက္ခါ (၂) ပတ်စာအတွက် (၃၅) အိတ် (၃) ပြည် (၄) ဗူးအားလည်းကောင်း အောင်ဖြူပြင်ကျေရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၂၃၅)ဦး၊ သရက်ချိုကျေးရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၆၄)စု၊ လူဦးရေ(၃၄၆)ဦး၊ ပန်းနီလာကျေးရွာဘုန်းတော်ကြီးကျောင်း၌ … Read more