(COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ဘီးလင်းမြို့နယ်၊ ကဇိုင်းကျေးရွာအုပ်စုအတွင်းရှိ ကဇိုင်းကျေးရွာ၊ ဘန့်ဘွေကုန်းကျေးရွာ၊ ချောင်းပြန့်ကျေးရွာနှင့် ရေဇလုတ်ကျေးရွာတို့တွင် (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်ပြီး သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များ၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။
#ar
#mon_jul2020
 
 
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events