Latest News
-
ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှုပေးခြင်းများဆက်လက်ဆောင်ရွက်
ဇူလိုင် ၅ရက်၊ ဖားကန့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်း၊ ဖားကန့်ရတနာမြေ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ (၂-၇-၂၀၂၀)နေ့၊ နံနက်ပိုင်း၌ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ သေဆုံး/ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှုပေးခြင်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် “လုံခင်း၊ ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့” ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့မှ … Read more
-
(Covid-19) ရောဂါ၊ မိုးကြိုး၊ ရေဘေးတို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
(၅-၇-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ သည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်(တောင်ပိုင်း) ရပ်ကွက်၊ထောက်ကြန့် (မြောက်ပိုင်း)ရပ်ကွက်၊ တောတိုက်ရပ်ကွက်၊ ပ-စံပြရပ်ကွက်၊ ဒုစံပြရပ်ကွက်၊ ရဲစုအောင်ရပ်ကွက်၊ ရွှေနံ့သာကျေးရွာ၊ သင်္ဃန်းကျွန်း ကြီးကျေးရွာတို့တွင် (Covid-19) အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဥ်း၍ ဌာနမှ ထုတ်ပြန် ထားသည့်လက်ကမ်းစာစောင်များပါအချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းတို့ကို ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်း၊ ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှု ပေးခြင်းများဆက်လက်ဆောင်ရွက်မှုသတင်း
ဇူလိုင် ၄ရက်၊ ဖားကန့်မြို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်း၊ ဖားကန့်ရတနာမြေ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ (၂-၇-၂၀၂၀)နေ့၊ နံနက်ပိုင်း၌ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ သေဆုံး/ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှုပေးခြင်း များဆောင်ရွက်ရန်အတွက် “လုံခင်း၊ ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့” ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့မှဖားကန့်မြို့နယ်သို့ မော်တော်ယာဉ်မျာဖြင့် သွားရောက်ခဲ့ကြပါသည်။ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၇-၂၀၂၀)ရက်နေ့တွင် ရေဖြူမြို့နယ် အတွင်းရှိ ဧကနိကျေးရွာ၊ ရငဲကျေးရွာနှင့် ဝန်ဖို့အနောက်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Loud Speaker ဖြင့်လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၂၀) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်မှစ၍ ညနေ (၁၆:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြ မြို့နယ်ရှိပြင်ပုံကျေးရွာ၊ ဝါးနွယ်ချောင်းကျေးရွာ၊ သုံးခွကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ကမ်းနီ ကျေးရွာ၊ ဝါးဘိုးထောင်ကျေးရွာ၊ ဝါးကျောင်းကျေးရွာ၊ တံခွန်တိုင်ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျှက်ရှိသော Covid -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် သဘာဝဘေးနှင့်ပတ်သတ်သည့် လိုက်နာဆောင်ရွက်ရန်များကို ရပ်ကွက်နေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ … Read more
-
ခန္တီးမြို့နယ်၊ ရွှေပြည်သာကျေးရွာအုပ်စု၊ လသာကျေးရွာ(နန်စီပွန်) မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ခန္တီးမြို့နယ်၊ ရွှေပြည်သာကျေးရွာအုပ်စု၊ လသာကျေးရွာ(နန်စီပွန်)၌ (၂-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦးတို့အတွက် Family Kit (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်တို့အား (၄-၇-၂၀၂၀) ရက်နေ့ (၁၆:၃၀) နာရီ အချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_Jul2020 Source: … Read more









