လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၂၀) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်မှစ၍ ညနေ (၁၆:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြ မြို့နယ်ရှိပြင်ပုံကျေးရွာ၊ ဝါးနွယ်ချောင်းကျေးရွာ၊ သုံးခွကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ကမ်းနီ ကျေးရွာ၊ ဝါးဘိုးထောင်ကျေးရွာ၊ ဝါးကျောင်းကျေးရွာ၊ တံခွန်တိုင်ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျှက်ရှိသော Covid -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် သဘာဝဘေးနှင့်ပတ်သတ်သည့် လိုက်နာဆောင်ရွက်ရန်များကို ရပ်ကွက်နေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)