မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ ကင်းတပ် ကျေးရွာအုပ်စု၊ ကင်းတပ်ကျေးရွာ၊ ချောက်ကြီးကျေးရွာ၊ ဒိုးချောင်းကျေးရွာ၊ ညောင်ပင်လေးဆိပ်ကျေးရွာ တို့၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာဝန်ရှိသူ များနှင့်အတူ (၇-၇-၂၀၂၀) ရက်နေ့၌ (၁၁:၀၀) နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော (COVID-19) ကူးစက်ရောဂါ၊ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_jul2020     … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကင်းတပ်ကျေးရွာအုပ်စု၊ ညောင်ပင်လေးဆိပ်ကျေးရွာ၌ (၃-၇- ၂၀၂၀) တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၂၆၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၂၆၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ (၃၄၇၅၃/-)ကျပ်အား (၇-၇-၂၀၂၀) ရက်နေ့(၁၁:၅၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ … Read more

  • Covid-19 ရောဂါနှင့် မိုးတွင်းကာလဖြစ်ပွား‌သောဘေးအန္တရယ်များနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၇-၇-၂၀၂၀) ရက်နေ့တွင် ထန်းပင်ကန်ကျေးရွာအုပ်စုရှိ လယ်ဦးကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ ဂျမ်းကုန်းကျေးရွာ၊‌မှော်တောကုန်း‌ကျေးရွာ၊ မကျီးကုန်းကျေးရွာအုပ်စုရှိ ကျီး‌ပေါက်ကုန်းကျေးရွာ၊‌ကျောင်းကုန်းကျေးရွာ၊‌ ဂျမ်းကုန်းကျေးရွာ၊‌ ကမ်းနားရွာသစ်ကျေးရွာ၊ သ‌ပြေကုန်းကျေးရွာ၊ ပုစွန်တောင်ကုန်းကျေးရွာ၊ မှော်တောကုန်းကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွာ‌သောဘေးအန္တရယ်များနှင် ပတ်သက်၍ ဆောင်ရန်‌ရှောင်ရန်များကို ပြည်သူများအလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ ကျောက်ကျင်းရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်မှုမပြန့်ပွား စေရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_Jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်​​ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀) ရက်နေ့တွင်   ပုလောမြို့နယ်ဦးစီးမှူးရုံးနှင့် ပလမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပု​လော မြို့နယ်၊ ပလမြို့အတွင်းရှိ တပိုကျေးရွာ၊ ဇရပ်ဆိပ်ကျေးရွာ၊ မိမ္မ​​မြို့ကျေးရွာ၊ ကြဲကျေးရွာ၊ မီး​လောင်ချောင်းကျေးရွာတို့တွင် COVID 19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ပတ်သက်၍ အများပြည်သူ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေး နင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန် ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းအား ဆောင်ရွက်ပြီး  သဘာဝ​ဘေးလက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေး အန္တရာယ်နှင့်ပက်သက်သည့် ဆောင်ရန်‌/ရှောင်ရန်အချက်များအား အများပြည်သူသို့ အသိပညာပေးမှု သတင်း ************

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀) ရက်နေ့တွင် ကော့သောင်း ခရိုင်၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်အတွင်းရှိ ပြည်သူများအား မိုးရာသီကာလအတွင်း ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ Covid-19 ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအား လော်စပီကာ၊ Hand Speaker ဖြင့် လိုက်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_Jul2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)