
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၇-၇-၂၀၂၀) ရက်နေ့တွင် ထန်းပင်ကန်ကျေးရွာအုပ်စုရှိ လယ်ဦးကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ ဂျမ်းကုန်းကျေးရွာ၊မှော်တောကုန်းကျေးရွာ၊ မကျီးကုန်းကျေးရွာအုပ်စုရှိ ကျီးပေါက်ကုန်းကျေးရွာ၊ကျောင်းကုန်းကျေးရွာ၊ ဂျမ်းကုန်းကျေးရွာ၊ ကမ်းနားရွာသစ်ကျေးရွာ၊ သပြေကုန်းကျေးရွာ၊ ပုစွန်တောင်ကုန်းကျေးရွာ၊ မှော်တောကုန်းကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွာသောဘေးအန္တရယ်များနှင် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို ပြည်သူများအလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_jul2020