Latest News
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (တောင်ပိုင်း)၊ ဦးကျော်စိန် (တဲတိုက်)နှင့် ဒေါ်အေးတဲတိုက်ရှိ အိမ်ခြေ (၁၀၁) လုံး၊ အိမ်ထောင်စု (၁၀၉) စု၊ လူဦးရေ (၅၀၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၈- ၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍(၈-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ထန်းပင်ကွင်းကေျးရွာ၊ ဘဝင်းစုကေျးရွာ၊ ကုလားပိုကျေးရွာ၊ ကနစိုပင်ကျေးရွာ၊ ရွှေနန်းချောင်းကျေးရွာနှင့် ကျွန်းချောင်းကျေးရွာများတို့တွင်(ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများကို အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း၍ Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_Jul2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၈-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ဝါးနက်ချောင်း ကျေးရွာ၊ ငှက်တော်ကျေးရွာ၊ ကညင်ချောင်းကျေးရွာနှင့် တံခွန်တိုင်လေးကျေးရွာအတွင်းရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ မိုးကြိုးဘေး/ မုန်တိုင်းဘေး အန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့တွင် အောင်ရတနာရပ်ကွက်၊ အောင်လံရပ်ကွက်၊ ထန်းတောရပ်ကွက်များတွင် COVID-19 ရောဂါ ကူးစက် မှုမပြန့်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_Jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့မဈေးစည်ပင်သာယာရေး အဖွဲ့နှင့်အတူ (၈-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီမှ (၁၀:၀၀)နာရီအချိန်ထိ မင်းဘူးမြို့၊ မြို့မဈေးတွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #mgy_Jul2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အိပ်လဟာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ (၁) ဦးအတွက် သေဆုံး ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား (၈-၇-၂၀၂၀)ရက် နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ထွေအုပ်ရုံး၌ သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် #ha_tls #bgo_jul2020 Source: … Read more









