လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အိပ်လဟာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ (၁) ဦးအတွက် သေဆုံး ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား (၈-၇-၂၀၂၀)ရက် နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ထွေအုပ်ရုံး၌ သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်
#ha_tls
#bgo_jul2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)