မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ unicefနှင့် စေတနာ့ဝန်ထမ်းတို့ ပူးပေါင်း၍ (၈-၇-၂၀၂၀) ရက်နေ့၊ နံနက် (၆:၀၀) နာရီ အချိန်တွင် လွိုင်လင်မြို့၊ မြို့မစျေး၌ Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ပြည်သူများသို့ အသိပညာပေးခြင်း၊ Mask ၊ဆပ်ပြာခဲ၊လက်ဆွဲအိပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀) ရက်နေ့ (၁၈:၀၀) အချိန် ခန့်တွင် တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာတွင် လေပြင်းတိုက်ခတ် မှုကြောင့် ပြိုကျပျက်စီးသွားသည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံးတို့ကို … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၇-၂၀၂၀)ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်နှင့် တောင်သူစုရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးတွင်းကာလတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ မြေပြို့ဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source:           ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအန္တရာယ်တို့နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ်(၉/၁၀/၁၁/၁၂/၁၃/၁၄၁၅/၁၆) ရပ်ကွက်တို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းအား ရပ်ကွက်များအတွင်း အသိပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_Jul2020 Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မုန်တိုင်းဘေးအန္တရာယ်တို့နှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစ၍ (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ဘုရားငုတ္တိုကျေးရွာ၊ ရေတွင်းရေကန်ကျေးရွာ၊ တောင်ကွဲကြီးကျေးရွာနှင့် ပေသလပ်ကုန်းကျေးရွာတို့တွင် လတ်တလော နိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်ပြီး ဆောင်ရန်/ ရှောင်ရန်များနှင့် သဘာဝဘေး (ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး) တို့နှင့်ပတ်သတ်သည့် လိုက်နာ ဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jul2020 … Read more

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ်တို့နှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ မှိန်ဂနိမ်း ကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် နိုင်းပြိုင်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jul2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)