လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ unicefနှင့် စေတနာ့ဝန်ထမ်းတို့ ပူးပေါင်း၍ (၈-၇-၂၀၂၀) ရက်နေ့၊ နံနက် (၆:၀၀) နာရီ အချိန်တွင် လွိုင်လင်မြို့၊ မြို့မစျေး၌ Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ပြည်သူများသို့ အသိပညာပေးခြင်း၊ Mask ၊ဆပ်ပြာခဲ၊လက်ဆွဲအိပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_jul2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)