မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့်(KHCC)တို့ တတိယအကြိမ်မြောက် တွေ့ဆုံညှိနှိုင်း

    ဇူလိုင် ၁၀ ၊ နေပြည်တော် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူ များအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)အဖွဲ့တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံညှိနှိုင်းခြင်းကို COVID_19 စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်ဦးစီး(ဗိုလ်မှူးကြီး)ဗိုလ်မှူးကြီး ထွန်းနေလင်းနှင့် လုပ်ငန်းအဖွဲ့၏အဖွဲ့ဝင်များ၊ ကချင်ဒေသတိုက်ပွဲ‌ရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC)မှ ဥက္ကဌ … Read more

  • လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

    ဇူလိုင် ၁၀၊ နေပြည်တော် ‌‌          လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု များမှ ကာကွယ်တားဆီးရေးကော်မတီ၏ ပဉ္စမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများအကောင်အထည်ဖော်ရန် ညှိနှိုင်းဆွေးနွေးမှု များဆောင်ရွက်ခဲ့ရာ ယနေ့အစည်းအဝေးသည် (၅) ကြိမ်မြောက်ဖြစ်ကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေလည်း ပေါ်ပေါက်ပြီးဖြစ်သည့်အတွက် ကလေးသူငယ်များ၏ … Read more

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၀-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်​အနောက်ပိုင်းခရိုင်၊ ​ကြည့်မြင်တိုင်မြို့နယ်၊ ​​စျေးကြီး(အရှေ့)ရပ်ကွက်၊ စျေးကြီးအနောက်ရပ်ကွက်၊ အိုးဘိုရပ်ကွက်၊ ဘော်ဂရပ်ကွက်၊ စျေးကလေးရပ်ကွက်၊ ထီတန်းစက်မြေရပ်ကွက်၊ ကရင်အမျိုးသားရပ်ကွက်တို့တွင် Covid_19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့် စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းများအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_jul2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • (COVID-19) ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီချိန်မှ (၁၄:၃၀) နာရီထိ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းအုပ်စု၊ (ဂျို့ကုန်း၊ ထုံးဝိုင်းကုန်း၊ ဒေါင့်ကုန်း၊ ညောင်ဝိုင်း) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျက်ရှိသော (COVID-19) ကူးစက်ရောဂါကာကွယ်ခြင်းနှင့် မိုးကြိုးဘေး၊ရေဘေး၊ လေပြင်းဘေးနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင် ရန်များ၊ သဘာဝဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထု အား အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များကို ဝေငှခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း … Read more

  • လေပြင်းဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၀)ရက်နေ့(၁၉:၂၀)အချိန်တွင် ကန့်ဘလူမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်သေဆုံးသွားသော ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်မှ သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ငွေ (၉၀၀၀၀ဝ/-)ကို ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၀-၇-၂၀၂၀)ရက်နေ့ (၁၅:၃၀)အချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ လက်ဝယ် အရောက် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_jul2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်အထိ လယ်ဝေးမြို့နယ်၊ ပိတောက်ချောင်ကျေးရွာအုပ်စု၊ ပိတောက်ချောင်ကျေးရွာ၊ ကွမ်းခြံကျေးရွာ၊ လက်ပန်ခုံကျေးရွာတို့၌လည်ကောင်း၊ ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာ၊ ငှက်ပျောတောကျေးရွာနှင့် ကြံခင်းစုကျေးရွာတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_jul2020 Source:           ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)