COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၀-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်​အနောက်ပိုင်းခရိုင်၊ ​ကြည့်မြင်တိုင်မြို့နယ်၊ ​​စျေးကြီး(အရှေ့)ရပ်ကွက်၊ စျေးကြီးအနောက်ရပ်ကွက်၊ အိုးဘိုရပ်ကွက်၊ ဘော်ဂရပ်ကွက်၊ စျေးကလေးရပ်ကွက်၊ ထီတန်းစက်မြေရပ်ကွက်၊ ကရင်အမျိုးသားရပ်ကွက်တို့တွင် Covid_19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့် စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းများအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ygn_jul2020

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events