မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ ‌မြောင်းမြမြို့နယ်၊ မြို့မစျေးနှင့် မြသာယာစျေးတို့တွင် အသိပညာပေးလုပ်ငန်း များဆောင်ရွက်မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ UNDP ၊ UNICEF ၊ အလင်းရောင်၊ မဇ္စျိမလူမှုကူညီ​ရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာကူညီ​ရေးအဖွဲ့များနှင့်ပူးပေါင်း၍ (၁၄-၇-၂၀၂၀)ရက်နေ့တွင် တာချီလိတ်​​မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် ဟောင်လိတ်ရပ်ကွက်၊ အခြေခံပညာကျောင်းရှိ ကျောင်းအပ်လက်ခံရေး ဆောင်ရွက်နေသော ဆရာ/ဆရာမ၊ မိဘ၊ ကျောင်းသား/ကျောင်းသူများကို COVID-19 ကူးစက်ရောဂါ နှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်း(Campaign) များဆောင်ရွက်ခြင်း၊  Mask များ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေ​ခြင်း၊ ပိုစတာများကပ်ခြင်း/ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ လုံးခင်းလယ်​ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာ COC ဘုရားကျောင်း၊ လုံးခင်းငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်းဘုရားကျောင်း၊ လုံးခင်းရပ်ကွက်(၅)၊ ကက်သလစ်ဘုရား ကျောင်း၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီဘုရားကျောင်း၊ IDPs စခန်း(၆)ခုမှ အိမ်ထောင်စု(၃၈၉)စု၊ လူဦးရေ(၂၀၅၅)ဦးအတွက် ဆပ်​ပြာ(၂၀၄၉)ခဲနှင့် ထုံး(၆၀) အိတ်တို့အား သွား​ရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_jul2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါဒုတိယအကြိမ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ ရပ်ကွက်(၅)၊ ရပ်ကွက်(၆)နှင့် ရပ်ကွက်(၇)တို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များ နှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို  လှည့်လည်ဟောပြောခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်အပိုင်းတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ဘေးသင့်အိမ်ခြေ(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စုမှ လူဦးရေ(၂၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၅၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၆,၇၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၅၅၆,၇၀ဝ/-)ကျပ်တိတိအား (၁၃-၇-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #kcn_jul2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေးအန္တရာယ်အသိပညာပေးဗီနိုင်းပိုစတာအသစ်လဲလှယ်တပ်ဆင်မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့ အခြေခံပညာအထက်တန်းကျောင်းအမှတ် (၁) ကျောင်းရှေ့တွင် စိုက်ထူထားရှိသော ရာသီအလိုက် သဘာဝ‌ဘေးအန္တရာယ် အသိပညာ‌ပေးမြေစိုက်ဆိုင်းဘုတ်တွင် မိုးကြိုးဘေးအန္တရာယ် အသိပညာပေး ဗီနိုင်းပိုစတာကိုအသစ်လဲလှယ်တပ်ဆင်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_jul2020     Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်​​ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄ – ၇ – ၂၀၂၀)ရက်နေ့တွင် မြိတ်ဂဝေသီစေတနာရှင် လူမှုကူညီရေးအသင်း ပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း၍ ​မြိတ်မြို့နယ် ၊ စက်ဝင်းရပ်၊ ဘုရားကိုင်ရပ်၊ အောင်မင်္ဂလာရပ်၊ ရာပြည့်ရပ်တို့တွင် COVID – 19 အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်၍ အများပြည်သူ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များ၊ … Read more