လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဦးစီးမှူးနှင့်အတူ (၁၅-၇-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ကသာမြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာ၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ လက်ပံဇင်ကျေးရွာ၊ အောက် သဖန်းဒေါင့်ကျေးရွာ၊ မိုးတားလေးကျေးရွာအုပ်စု၊ အလယ်ရပ်၊ လက်ပန်ကျေးရွာကယ်ဆယ် ရေးစခန်းများရှိ ရေဘေးသင့်အိမ်ထောင်စု (၇၄) စု၊လူဦးရေ (၃၄၆) ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၇၂၆,၆၀၀) ကျပ်၊ ဆပ်ပြာ(၇၄)တောင့်၊ အဝတ် mask (၃၄၆) ခု၊ စုစုပေါင်း ထောက်ပံ့ငွေ(၇၂၆,၆၀၀)ကျပ်တို့ကို(၁၆-၇-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် သက်ဆိုင် ရာကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_fld
#sgg_jul2020
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)