Latest News
-
မိုးကြိုးဘေးအသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာ တက္ကသိုလ်ကျောင်းရှေ့၌ မိုးကြိုးဘေး အသိပညာပေးဗီနိုင်းပိုစတာအား လဲလှယ်စိုက်ထူခဲ့ပြီး ဆက်လက် ၍ မိတ္ထီလာမြို့ကန်တော်မင်္ဂလာခန်းမတွင် စိုက်ပျိုးရေးချေးငွေ လာရောက်ထုတ်ယူနေကြသည့် တောင်သူ လယ်သမားအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar_tls #mdy_Jul2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာနှင့် မအူအောက်ဆိပ်ကျေးရွာ အုပ်စု၊ မအူငယ်ကျေးရွာတို့တွင် (၁၆-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ် (၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ (၁၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၃၇၈၀ဝ/-)ကျပ်၊ စုစုပေါင်းကျပ်(၅၃၇၈၀ဝ/-)ကျပ်အား(၁၆-၇-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်မှ (၁၃:၃၀) နာရီအချိန်ထိ ဘားအံမြို့နယ်အတွင်းရှိ အထက်ကော့ရင်းကျေးရွာ၊ အောက်ကော့ရင်း ကျေးရွာနှင့် မြိုင်ကလေးစျေးသို့သွားရောက်၍ COVID -19 ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ ရေဘေး၊ လေဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #krn_Jul2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတက်သော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ(၁၃:၀၀) နာရီအချိန်ထိ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်၊ ကွင်းရပ်ရပ်ကွက်နှင့် မုပွန်ရပ်ကွက်တို့တွင် COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်း နှင့်မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်:ဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တာရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းတို့အား ပြုလုပ်ခဲ့ပြီး ကျေးရွာ နေပြည်သူများအား လက်ကမ်းစာစောင် ဖြန်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #mon_Jul2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၇-၂၀၂၀)ရက်နေ့မှ(၁၅-၇-၂၀၂၀)ရက်နေ့ထိ ဧရာဝတီမြစ်မြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်မြို့နယ်၊ မင်းကျောင်းကုန်း ရပ်ကွက်၊ ဆင်ကုန်းရပ်ကွက်၊ ညောင်ပင်ရပ်ရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်၊ မိုင်းကာကျေးရွာ၊ မံမင်ကျေးရွာ၊ ငပျောတောကျေးရွာ၊ လက်ပံတန်းကျေးရွာနှင့် စင်းခမ်းကျေးရွာတို့မှ စုစုပေါင်း အိမ်ထောင်စု (၂၉၈) စု၊ လူဦးရေ (၁၅၁၉) ဦးတို့အတွက် (၇) ရက်စာဆန်ဖိုးငွေ(၃,၁၈၉,၉၀ဝ/-) ကျပ်၊ အဝတ်mask လူ (၁) ဦး (၁) ခုနှုန်းဖြင့် (၁၅၁၉) ခုနှင့် အိမ်ထောင်စု(၁)စုလျှင် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ မြမာလာလမ်း၊ အိမ်အမှတ် (၂၅) ၌ (၁၅-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက် ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ … Read more









