COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရေး သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာ သီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များ အသိပညာပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၇-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီချိန်မှ နေ့လည် (၁၁:၀၀) နာရီချိန်ထိ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ သပြုကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ ကုလားချောကျေးရွာ၊ လှိုင်းဒွယ်ကျေးရွာနှင့် သေးခိကျေးရွာတို့၌ COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီ ကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား လော်စပီကာဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#krn_Jul2020

Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events