ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် AVSI FOUNDATION Myanmar ၊ မြို့နယ်ကြက်ခြေနီအဖွဲ့များနှင့်ပူးပေါင်း၍ (၂၃-၁၀-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှစ၍ လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စုနှင့် ကသပေါင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၀)ရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို Loud Speaker ဖြင့်လှည့်လှည်၍ ကြေညာခြင်း၊ အသိပညာပေးခြင်း၊ Masks များနှင့် လက်သန့်ဆေးရည်ဗူးများအားဝေငှခြင်း၊ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_oct2020

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အာဆီယံဒေသဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက်အပေါ် ကာလလတ်ပြန်လည်သုံးသပ်သည့်နိုင်ငံ အဆင့်ဆွေးနွေးပွဲ(Online) သို့ တက်ရောက်အမှာစကားပြောကြား

    ~~~~~~ Source: MOSWRR ~~~~~~ ၂၃ အောက်တိုဘာ၊ နေပြည်တော် ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ အာဆီယံဒေသဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံချက်အပေါ် ကာလလတ်ပြန်လည်သုံးသပ်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် Online ဖြင့် ဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် … Read more

  • Covid-19 ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၀-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၄/၅/၆) ရပ်ကွက်များ၌ လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် လိုက်နာရမည် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_oct2020

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၀) (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်၊ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

    (က) မုန်တိုင်းငယ်အခြေအနေ ~~~~~ (၁) ယနေ့မြန်မာစံတော်ချိန်(၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းလွန်- ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဆာဂါ(Sagar)ကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် (၃၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ခီပူပါရာ (Khepupara)မြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၁၀)မိုင်ခန့် နှင့် မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်ဘက် ရေမိုင် (၂၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ … Read more

  • Covid-19 ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၀-၂၀၂၀) ရက်နေ့၊ နံနက် (၀၈း၀၀) နာရီမှ နေ့လည် (၁၁:၃၀) နာရီအထိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ သံပုရာ၊ ဦးချွန်ကုန်း၊ မင်္ဂလာကုန်းနှင့် မရိကလကျေးရွာများသို့ သွားရောက်၍ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် လိုက်နာရမည် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_oct2020

  • မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၀-၂၀၂၀) ရက်နေ့၌ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ကောင်ဆန် ကျေးရွာနယ်မြေတွင် ကမ်းပါးယံအမြင့်ပေ (၅၀) ခန့် ကျောက်ကြောကမ်းပါးယံပြိုကျလာမှုကြောင့် သေဆုံးသူ (၂) ဦးတွက် ထောက်ပံ့ငွေ (၆၀၀၀၀၀/-) ကျပ်အား (၂၃-၁၀-၂၀၂၀) ရက်နေ့၊ (၁၁း၅၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်၀ယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #kcn_oct2020