Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် AVSI FOUNDATION Myanmar ၊ မြို့နယ်ကြက်ခြေနီအဖွဲ့များနှင့်ပူးပေါင်း၍ (၂၃-၁၀-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှစ၍ လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စုနှင့် ကသပေါင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၀)ရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို Loud Speaker ဖြင့်လှည့်လှည်၍ ကြေညာခြင်း၊ အသိပညာပေးခြင်း၊ Masks များနှင့် လက်သန့်ဆေးရည်ဗူးများအားဝေငှခြင်း၊ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_oct2020

Sign Up

Upcoming Events