Latest News
-
COVID-19 ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီချိန်မှ နေ့လည် (၁၂:၀၀) နာရီချိန်ထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ ခူနီကျေးရွာ၊ တောင်ကမ္မရိုက်ကျေးရွာနှင့် သမိန်ဒွတ်ကျေးရွာတို့၌ Covid -19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့ စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်း ကိုလည်း ကျေးရွာရှိ Volunteer များနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #krn_nov2020 … Read more
-
မီးဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊လယ်ဝေးမြို့နယ်၊ အမှတ်(၆)နယ်မြေ (၇)၌ (၃၁-၁၀-၂၀၂၀)ရက်နေ့ (၁၀:၅၅) အချိန်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၇၈၀ဝိ/-)၊ မီးဘေးသင့်အိမ်ထောင်စု(၃)စုစာအတွက် ထောက်ပံ့ငွေ(၅၀၀၀၀ဝိ/-) ၊ စုစုပေါင်း ထောက်ပံ့မှုငွေ(၅၃၇၈၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၃)အိမ်ထောင်စုစာတို့အား (၁.၁၁.၂၀၂၀)ရက်နေ့ (၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_nov2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
တစိတ်တပိုင်းပျက်စီးနေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်ကွက်၊ သပြေတန်းရပ်တွင် (၃၀.၁၀.၂၀၂၀)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စား၍ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ၊ လူဦးရေ(၁၄)ဦးအတွက်ဆန်ရိက္ခါ (၇)ရက်စာ(၂၉၄၀၀)၊စုစုပေါင်းထောက်ပံ့ငွေ(၁၂၉၄၀၀) အား (၃၁-၁၀-၂၀၂၀)ရက်နေ့ (၁၅:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_oct2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းပျဉ်းမြို့နယ်၊ ထမ်ယမ်းကျေးရွာအုပ်စု၊ လွယ်ရိုး(ထက်)ကျေးရွာ၌ (၂၇-၁၀၂၀၂၀)ရက်နေ့၊(၁၁း၀၀)နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ဝိ/-)၊ မီးဘေးသင့်လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၃၆၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၃၃၆၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၃)မျိုးအား (၃၁-၁၀-၂၀၂၀)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_oct2020 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) =========================================== “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း(မြန်မာ့ကမ်းလွန်)တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေသို့ ရွေ့လျားနိုင်သည်ဟု ခန်းမှန်းရပါသည်။” Source: DMH
-
ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ရေတိုက်စားမှုကြောင့်ပျက်စီးသွားသော အောင်မြင်မြို့နှင့် သဖန်းပင်ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါရှိ ရိုးချောင်းတံတား၊ သရက်စိန်ကျေးရွာနှင့် မိုးမခကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါရှိ တောင်ကျရိုးချောင်းတံတား၊ သရက်အုပ်ကျေးရွာနှင့် နတ်လောင်းကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါရှိ လယ်ကြားရိုးတံတားတို့အား ပဲခူးတိုင်းဒေသကြီးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးကြည်ဇင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် (၃၀.၁၀.၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုတိုင်းတာမှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_oct2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









