ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာအုပ်စု၊ (ဒေါင့်ကြီး/ သံပုရာချောင်း)ကျေးရွာတို့၌ (၄-၁၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၈)လုံး၊ အိမ်ထောင်စု (၈)စုမှ လူဦးရေ (၃၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၈၁၉၀ဝ/-)ကျပ်၊ စုစုပေါင်း (၈၈၁၉,၀ဝ/-)ကျပ်အား (၅-၁၁-၂၀၂၀) ရက်နေ့၊ (၁၄:၂၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၁.၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၅း၀၀) အချိန်အထိ ဇေယျာသီရိမြို့နယ်၊ သက်နှင်းအေးကျေးရွာ၊ သစ်တပ်ကလေးကျေးရွာ၊ မအူတောကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ စိမ်းစားပင်ကျေးရွာ၊ ကန်သာအေးကျေးရွာနှင့် ရွှေကျကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ ထိရောက်စွာအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #npw_nov2020 Source:             ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နွန်းနီးယားကျေးရွာ၏ရွာ လယ်လမ်း(အကျယ်၁၈ပေ နှင့်အလျား၃၇၀၀ ပေ ခန့်ရှိ) သည် ရေများတဖြည်းဖြည်းစီးဆင်းရာမှ ချောင်းငယ်သဖွယ်ဖြစ်နေပါသဖြင့် ရွာလယ်လမ်းမြေဖို့ခြင်းလုပ်ငန်း​ ဆောင်ရွက်နိုင်ရန်အတွက် ​​ပဲခူးတိုင်းဒေသ​ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦး၊ ကျေးလက်လမ်းဖွံ့​ဖြိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ရှိသူများသည် (၅.၁၁.၂၀၂၀)ရက်နေ့တွင် ကွင်းဆင်း​ကြည့်ရှုတိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #bgo_nov2020 Source:             ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၁-၂၀၂၀) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တော မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ နယ်မြေ(၂)၊ သဇင်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီး​လောင်ကျွမ်းပျက်စီး ဆုံးရှုံး ခဲ့သည့်  နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၃)ပုံး (၁၀၄၅၅၉/-) အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၇)ရက်စာ(၂၅၂၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၂၅၂၀ဝ/-) ကျပ်အား (၅-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း 

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာ၌ (၄-၁၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ (၁၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၃၇၈၀ဝ/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၃၃၇၈၀ဝ/-)ကျပ်အား (၅-၁၁-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more

  • Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ​မှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅.၁၁.၂၀၂၀)ရက်နေ့၊ နံနက်(၉:၀၀)နာရီမှ နေ့လည်(၁၃:၀၀)နာရီချိန်ထိ ကြာအင်းဆိပ်ကြီးမြို့ ခုဒုံကျေးရွာ၊ အစွန်းကျေးရွာ၊ လန်းဖားကျေးရွာ၊ ကော့ဆိုင်ကျေးရွာတို့တွင်လှည့်လည်ပြီး လတ်တလောနိုင်ငံတိုင်းတွင် ဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_nov2020 Source:             ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)