ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက် နေသော စေတနာ့ဝန်ထမ်းများအား အသိပညာပေးခြင်းအစီအစဉ်တွင် ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက် အမှာစကားပြောကြား

    ~~~~~ Source: MOSWRR ~~~~~ နိုဝင်ဘာ ၁၀၊ နေပြည်တော် ~~~~~   အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ COVID-19 ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအနက် အရေးပေါ်ယာဉ်များဖြင့် COVID-19 ရောဂါပိုးရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ပို့ဆောင်ပေးခြင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက် နေသောစေတနာ့ဝန်ထမ်းများအား အသိပညာပေးအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့်ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ … Read more

  • လူနေအိမ်ပေါ်သို့ သက်တမ်းရင့်ညောင်ကိုင်းကျိုးကျမှုကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်၌ (၁၀-၁၁-၂၀၂၀) ရက်နေ့၊ (၀၂:၃၀) နာရီအချိန်တွင် လူနေအိမ်ပေါ်သို့ သက်တမ်းရင့်ညောင်ကိုင်းကျိုးကျခဲ့ပါသဖြင့် လုံးဝပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၁)လုံး၊ စုစုပေါင်းအိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၂၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၂၀၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၄၂၀၀၀/-) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးပါ … Read more

  • လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာ ဖိုးထောက်ပံငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ(၁) အိမ်ထောင်စာအား (၁၀-၁၁-၂၀၂၀) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၂၀) ရက် နေ့၊ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ (ဥယျာဥ်စုကျေးရွာ၊ နတ်စင်ကကျေးရွာ၊ ယာကြီးပြင်ကျေးရွာ) များတွင် လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့်ပက်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_nov2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ မယ်ဆည်နမ်ကျေးရွာအုပ်စု၊ မယ်ဆည်နမ်ကျေးရွာ၊ နမ့်ဟူးကျေးရွာ၊ နမ့်ပိန်းလိန်ကျေးရွာ၊ ကျောက်စုကျေးရွာများရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_nov2020

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မြေစွန်းတော်ကျေးရွာအုပ်စု၊ မြေစွန်းတော်ကျေးရွာ၊ ရွာသစ်ကျေးရွာနှင့်ရွှေလှံကျေးရွာတို့၌ (၄-၁၁-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်လူနေအိမ်(၁၄)လုံး၊ ဘေးသင့်လူဦးရေ(၅၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၁၇၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၆၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၄၇၇၆၀၀)ကျပ်တိတိအားလည်းကောင်း၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့သည့်အိမ်ခြေ (၁၁) လုံး၊ လူဦးရေ (၄၆) ဦးတို့အား ဆန်ရိက္ခာဖိုး(၉၆၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၀၀၀၀၀)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၁၁၉၆၆၀၀)ကျပ်တို့အား (၉-၁၁-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ … Read more