ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၂၀) ရက် နေ့၊ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ (စိန်ပန်းပင်ကျေးရွာ၊ ခြံကန်တောင်ကျေးရွာ၊ ခြံကန်မြောက်ကျေးရွာ) များတွင် လှည့်လည်ပြီး Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_nov2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၁၁-၂၀၂၀) ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ အနာဂတ်အလင်းတန်းကျေးရွာ၊ ရေပူကျေးရွာ၊ မော်ချီးအောက်ရွာ၊ ဇီးပင်ကွေ့(ဇီး-၁၆)ကျေးရွာ၊ လိုခါးလိုကျေးရွာ၊ ဘူလော်ဘာ ကျေးရွာ၊ လွယ်ပွာခိုကျေးရွာ၊ မော်ချီးတောင်ပေါ်ကျေးရွာနှင့် လိုခါးလို(ကွက်သစ်)ကျေးရွာများရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ဆောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_nov2020 Source: ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၂၀) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်၊ မြို့ပတ်လမ်း အ.ထ.က(၁) ကျောင်းရှေ့တွင် စိုက်ထူထားသော မုန်တိုင်းဘေး၊ အသိပညာပေးဗီနိုင်းပိုစတာနေရာတွင် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား လဲလှယ်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စီပင်ကျေးရွာ အုပ်စု၊‌ တဲကြီးကုန်းကျေးရွာတွင် (၁၀-၁၁-၂၀၂၀)ရက်နေ့၌ဖြစ်ပွားသော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်‌ခြေ (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃၀,၀၀၀/-)ကျပ်၊ ၄င်းအိမ်ထောင်စု (၁) စုရှိလူဦးရေ (၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀,၅၀၀)ကျပ်ကို (၁၂-၁၀-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီ အချိန်တွင်‌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_nov2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘက် ကျေးရွာအုပ်စု၊ လေးအိမ်တန်းရှမ်းစုကျေးရွာတွင် (၁၀-၁၁-၂၀၂၀)ရက်၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်‌ခြေ (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ၄င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ (၄) ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်ကို (၁၂-၁၁-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင်‌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2020 … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၁-၂၀၂၀)ရက်နေ့ (၁၅း၃၀)အချိန်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး အဆိုပါလေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၃,၄၀ဝ/-)ကျပ်အား (၁၂-၁၁-၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn _nov2020 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)