လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၁၁-၂၀၂၀) ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ အနာဂတ်အလင်းတန်းကျေးရွာ၊ ရေပူကျေးရွာ၊ မော်ချီးအောက်ရွာ၊ ဇီးပင်ကွေ့(ဇီး-၁၆)ကျေးရွာ၊ လိုခါးလိုကျေးရွာ၊ ဘူလော်ဘာ ကျေးရွာ၊ လွယ်ပွာခိုကျေးရွာ၊ မော်ချီးတောင်ပေါ်ကျေးရွာနှင့် လိုခါးလို(ကွက်သစ်)ကျေးရွာများရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ဆောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyh_nov2020
Source: ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)