Latest News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ကျောက်မဲမြို့နယ်၊ ဟဲပုကျေးရွာ၊ ချောင်းဆာကျေးရွာ၊ မန်ဝိန်းကျေးရွာများအတွင်း COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်းများမှ အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း (၁၄) ခုမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၈၅၅)စု၊ လူဦးရေ (၄၅၉၃)ဦးအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်(၆၇၀)အိတ်၊ ဆီ(၈၅၅)ပိဿာ၊ ဆား(၄၄၃)ပိဿာ၊ ကုလားပဲ(၈၅၅)ပိဿာ (၁၄)ရက်စာအား ကွင်းဆင်းထောက်ပံ့ရေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_nov2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းရပ်ကွက်၊ ရှမ်းပိုင်းစုစည်းနှင့် စလဲလုံကျေးရွာများရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် သဘာဝဘေး အန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_nov2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၂၀)ရက်နေ့၊ (၁၈:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျပ်တန်းကုန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ ကျား(၉)ဦး မ(၆)ဦး၊ စုစုပေါင်း(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁,၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၃၁,၅၀၀/-)ကျပ်နှင့် ဓာတ်ဆား(၃၀)ထုပ်အား (၁၆-၁၁-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၁-၂၀၂၀) ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကံသာကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့် နေအိမ်(၁၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၄၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၉၀၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၉၀,၃၀၀/-)ကျပ်အား (၁၆-၁၁-၂၀၂၀) ရက်နေ့ (၁၅:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #mgy_nvo2020
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည် (၁၆-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) အချိန်မှ (၁၄း၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များကို ဇေယျာသီရိ မြို့နယ်၊ ရေဆေင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာနယ်မြေ(၁၊ ၂၊ ၃၊ ၄)၊ အောင်ချမ်းသာကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ ရွှေတွင်းကုန်းကျေးရွာ၊ သာယာစုကျေးရွာ(အရှေ့)နှင့် သာယာစုကျေးရွာ (အနောက်)အတွင်းရှိပြည်သူများသို့ ထိရောက်စွာအသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more









