ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၂၃)ရက်နေ့၊ နံနက် (၁၁း၃၀)အချိန်၌ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ပဒါန်ရေကျော်ကျေးရွာတွင် နေအိမ်နောက်ဖေးမီးဖိုဆောင်တွင် ထင်းမီးဖြင့် ထမင်းချက်ပြီး မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသဖြင့် ဓနိမိုးထရံကာ နေအိမ်(၁)လုံး၊ ဝါးထရံကာနေအိမ်(၁)လုံး၊ သွပ်မိုးထရံကာနေအိမ်(၁)လုံးတို့ လုံးဝပျက်စီးခဲ့ပြီး သွပ်မိုး အုတ်ကာ နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အတွက် စုစုပေါင်းနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ (၁၄)ဦးတို့မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၄၅၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၂၉၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၇၄၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး အိမ်ထောင်စု(၃)စုစာ အား … Read more

  • တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် ထိခိုက်သွားသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၃) ရက်နေ့နှင့် (၂၁-၂-၂၀၂၃) ရက်နေ့များတွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းဝင်ရောက် ဖျက်ဆီး မှုကြောင့် ထိခိုက်သွားသည့် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၁၃,၁၀ဝ/-) ကျပ်တို့အား (၂၂-၂-၂၀၂၃) ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #ygn_feb2023

  • တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၃)ရက်နေ့တွင် တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ထိခိုက် သွားသည့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား သွားရောက်ထောက်ပံ့ခဲ့ရာ မင်္ဂလာရပ်ကွက်၊ ကျိုက်စကိုင်းကျေးရွာအုပ်စု၊ လိမ္မော်ခြံကျေးရွာ အုပ်စု၊ ဆင်စခန်းကျေးရွာအုပ်စု၊ လောက်လေးချောင်းကျေးရွာအုပ်စု၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ ကမ်းမြှောင် ကျေးရွာအုပ်စုမှ လုံးဝပျက်စီးအိမ်ခြေ(၂၅)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၂၄)လုံး၊ စုစုပေါင်း အိမ်ခြေ (၁၄၉) စုမှ လူဦးရေ (၅၄၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၁,၁၃၆,၁၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး … Read more

  • ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအုပ်စု၊ ကုက္ကိုဝကျေးရွာ ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာ အုပ်စု၊ ကုက္ကိုဝကျေးရွာ၌ (၂၀-၂-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့‌သည့် နေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ (၁၄)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၇)ရက်စာ (၂၉,၄၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀,၀၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၅၂၉,၄၀၀/-) ကျပ်တို့အား (၂၁-၂-၂၀၂၃)ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ … Read more

  • မင်းလှမြို့နယ်၊ ထန်းပင်ကုန်ကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာနှင့် ထောက်ကြန့်ကျေးရွာအုပ်စု၊ ထောက်ကြန့်ကျေးရွာတို့၌ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းလှ မြို့နယ်၊ ထန်းပင်ကုန်ကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာနှင့် ထောက်ကြန့်ကျေးရွာအုပ်စု၊ ထောက်ကြန့် ကျေးရွာတို့၌ (၁၇-၂-၂၀၂၃) ရက်နေ့၊ (၁၆း၂၀)နာရီအချိန်၌ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးလူနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၀,၀၀ဝ/-)ကျပ်၊ အိမ်ထောင်စု(၅)စုရှိ လူဦးရေ(၂၁)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၄၄,၁၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃၄,၁၀ဝ/-)ကျပ်တို့အား (၂၀-၂-၂၀၂၃)ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ … Read more

  • မင်းလှမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၃) ရက်နေ့၊ (၁၆:၂၀) နာရီအချိန်တွင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာ(၅)ရွာတို့၌ အချိန်အခါမဟုတ်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲ​လူနေအိမ်(၆)လုံး၊ အမိုးလန်ပျက်စီးလူနေအိမ်(၁၈)လုံးနှင့် ဘ/က(၁)ကျောင်းများအတွက် ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၅၀၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၂၄)စုရှိ လူဦးရေ(၉၅)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၁၉၉၅၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၄၉၅၀ဝိ/-)ကျပ်နှင့် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၆)ပုံး၊ စက္ကူကတ်ထူပုံး(၆)ပုံးတို့အား(၁၈-၂-၂၀၂၃)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ​ ​ဘေးဖြစ်ပွားရာ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ရဲမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ပြန်ဆက်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ … Read more