တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် ထိခိုက်သွားသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၃) ရက်နေ့နှင့် (၂၁-၂-၂၀၂၃) ရက်နေ့များတွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းဝင်ရောက် ဖျက်ဆီး မှုကြောင့် ထိခိုက်သွားသည့် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၁၃,၁၀ဝ/-) ကျပ်တို့အား (၂၂-၂-၂၀၂၃) ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#otr

#ygn_feb2023

Sign Up

Upcoming Events