Latest News
-
အိမ်မဲမြို့နယ်၊ ကျုံခရီကျေးရွာအုပ်စု၊ ကျုံခရီကျေးရွာနှင့် သုံးချက်ထောင်းကျေးရွာတို့တွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၃)ရက်နေ့မှ (၁၆-၃-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီမှ ညနေ(၁၈:၀၀)နာရီအထိ အိမ်မဲမြို့နယ်၊ ကျုံခရီကျေးရွာအုပ်စု၊ ကျုံခရီကျေးရွာနှင့် သုံးချက်ထောင်းကျေးရွာတို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_mar2023 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုကျမှုအန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအုပ်စု၊ ကုက္ကိုဝကျေးရွာတွင် (၂၀-၂-၂၀၂၃)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ (၁၉)အတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၉၉၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၀၀၀၀)၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ(၆၃၉၉၀၀)အား (၁၆-၃-၂၀၂၃)ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_reb #ayy_mar2023 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပုသိမ်မြို့၊ အမှတ် (၆) ရပ်ကွက်၊ အရှေ့နှစ်ထောင်တန် (၂) လမ်း မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ အရှေ့နှစ်ထောင် တန်(၂)လမ်း၌ (၁၆-၃-၂၀၂၃)ရက်နေ့ (၂၁း၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင် ပျက်စီး (သွပ်မိုး/ပျဥ်ကာ) နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၄၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ (၂)ပုံး၊ အလှူပစ္စည်း (JICA)စောင် (၂)ထည်၊ အိပ်ယာခင်း (၂)ခု၊ Unicef တာပေါ်လင်(၂)စ၊ ကာဘော်လိပ်ဆပ်ပြာ(၄)တောင့်၊ ဘေးသင့်အိမ်ထောင်စု(၂)စုမှ ဘေးသင့်လူဦးရေ ကျား/မ (၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၆,၈၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၁၆,၈၀ဝ/-)တိတိနှင့် … Read more
-
မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃/၁၄-၃-၂၀၂၃)ရက်နေ့တွင် မိုးရွာ သွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဖိုးရွှေမြကုန်းရှိ ပြိုကျပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုးပါ (၂)ပုံး၊ ကိုးဆူအုပ်စု၊ သဲဂရက်ကျေးရွာရှိ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀ဝ/-)ကျပ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီ ကျေးရွာရှိ ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံး၊ … Read more
-
လေဘေးသင့်ကျေးရွာများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃-၃-၂၀၂၃) ရက်နေ့တွင် ကန်ကြီးထောင့်မြို့ နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်၊ သော်ကကုန်းကျေးရွာ၊ မြင်းကဆိပ်အုပ်စု၊ ဇီးဖြူချောင်ကျေးရွာ၊ ဝဲကြီး၊ ရွေးကျေးရွာတို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀ဝ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းတော် ကြီးကျောင်း/အိမ်(၆)လုံးအတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀,၀၀ဝ/-)၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၈၀,၀၀ဝ/-))၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၆)ပုံး၊ ဘေးသင့် လူဦးရေ (၃၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၁,၉၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
လေဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ သော်ကကုန်းကျေးရွာတွင် (၁၃-၃-၂၀၂၃)ရက်နေ့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အစိခဏရာမကျောင်းတိုက်အတွင်းရှိ RC(၁)ထပ်အဆောက်အဦ၏ ဘေးအကာကျောက်ပြားများ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅၀,၀၀ဝ/-) တိတိအား (၁၅-၃-၂၀၂၃) ရက်နေ့တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_mar2023









