လေဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကန်ကြီး​ထောင့်မြို့နယ်၊ အပင်နှစ်ဆယ်​ကျေးရွာအုပ်စု၊ ​သော်ကကုန်း​ကျေးရွာတွင် (၁၃-၃-၂၀၂၃)ရက်​နေ့၌ မိုးရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် အစိခဏရာမ​ကျောင်းတိုက်အတွင်းရှိ RC(၁)ထပ်အ​ဆောက်အဦ၏ ​ဘေးအကာ​ကျောက်ပြားများ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ​​ကျောင်း​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ် (၅၀,၀၀ဝ/-) တိတိအား (၁၅-၃-၂၀၂၃) ရက်နေ့တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ကွင်းဆင်း​​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သတင်းရရှိပါသည်။

Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#ayy_mar2023

Sign Up

Upcoming Events